ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၄

ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒေသခံပစ္စည်းများအား ခိုးယူနေသယ်ထုတ်နေ ကြောင်း ရွာသားထံမှ သိရပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် ဒေသခံများ စစ်ဘေးတိမ်းရှောင်ပြီးနောက် ကျန်ရှိသောပစ္စည်းများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် အဖွဲ့က ခိုးယူပြီး ကားဖြင့်သယ်ထုတ်နေကြောင်း ဒေသခံရွာသားက ခမ်းသားငေါဝ်းသို့ ပြောသည်။

“(စစ်ကောင်စီ) ဗမာစစ်သားနဲ့ PNA တွေပဲ ခိုးတာသူတို့က ကား၊ ဆိုင်ကယ်တွေ တန်းဖို့ကြီးပစွည်းမှ မဟုတ်ဘူး ဗလာစာအုပ်၊ ဖိနပ်၊ အကျီတွေအစ ခိုးတာ ။ရွာမှာ ရှိသမျှ ခိုးတာ “ဟု ရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ပစ္စည်း ခိုးပြီးကားဖြင့် လာသယ်သည့်အချိန်တွင် ကားနှင့် အတူ ပစ္စည်းသယ်ထုတ်သူ သူခိုးတစ်ဦးကို ရွာသားများက ဖမ်းမိပြီး တောင်ကြီးမြို့ ရဲစခန်းတွင် အပ်လိုက်ကြောင်း သိရသည်။

“သူများပစ္စည်းကို သယ်ထုတ်နေတဲ့ သူခိုးတစ်ယောက်ဖမ်းမိတယ်။ ဒါပေမယ့် ရဲစခန်းကိုအပ်လိုက်တယ်။ ရွာသားတွေ အဲသူခိုးကို စစ်မေးတာ သူ့ကို စစ်သားတွေက ပိုက်ဆံပေးပြီး ပစ္စည်းလာသယ်ခိုင်းလို့ သယ်ရတာတဲ့ ။ အဲလူက ရပ်စောက်ဖက်က ပအိုဝ်းပဲ။ ရဲလက်ထဲကိုအပ်ပြီးပြီ ခုထိ ဘားမှ အကြောင်းမပြန်သေးဘူး။”ဟု ၄င်းကဆက်ပြောသည်။

လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို PNLAနှင့် တော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီလည်းအင်အားအလုံးအရင်းဖြင့် ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သဖြင့်ကျေးရွာထဲတိုက်ပွဲပြင်းထန်ခဲကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွား ပြီးနောက် ဒေသခံရွာသားများလည်း ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ဒေသခံအိမ် ၈ လုံးလည်းမီးလောင်ပျက်စီးခဲ့ရပြီးလက်ရှိတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ရွာသားများ နေအိမ်မပြန်ရဲကြသေးကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *