ခမ်းသားငေါဝ်း
မတ်လ ၄ ၊ ၂၀၂၄

မင်းပြားမြို့နယ်အတွင်း င/တန်းပျင်းရွာတွင် စစ်ကောင်စီတပ်ဝင်များက အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြောင်း စစ်ကောင်စီတပ်သား ကိုကိုအောင်ဝန်ခံထွက်ဆို ထားသည်ကို ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း င/တန်ပျင်းကျေးရွာနေ သားအမိနှစ်ဦးအနက် သမီးဖြစ်သူကို စစ်ကောင်စီတပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက် သမီးနှင့်မိခင်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် တပ်သား ကိုကိုအောင်၏ ဝန်ခံထွက်ဆိုမှုနှင့် မုဒိမ်းကျင့်သည့် ဖြစ်စဉ်အား သရုပ်ပြထားသည့် ရုပ်သံမှတ်တမ်းအား AA က ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

#Humanright
#ရခိုင်
#AA

Leave a Reply

Your email address will not be published. Required fields are marked *