ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။
မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး လမ်းမပေါ်တွင် ပိတ်မိနေသည့် ကားများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” တံတားက ပိတ်ထားတယ်။ မနက် (၈) နာရီကျော် (၉) နာရီလောက်က ပစ်ခတ်သံတွေ ကြားလို့ ပိတ်ထားတာ။ ပစ်ခတ်သံ မကြားရတော့ရင် ပြန်ဖွင့်တယ်။ တစ်ခါပိတ်ရင် (၂) နာရီလောက်ကြာတယ်” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
လက်ရှိအချိန် နေ့လည်ပိုင်းတွင် ပြန်ဖွင့်ပြီးသွားလာ၍ရနေပြီဖြစ်ကြောင်းလည်းသိရသည်။
လွိုင်လင် မိုင်းပွန်လမ်းမကြီးသည် အသွားအပြန်များသလို အဓိကတွဲကားများသွားလာသည့် တောင်ကြီး တာချီလိတ် လမ်းကြောင်းဖြစ်သည်။
တိုက်ပွဲ အခြေအနေတို့ကြောင့် ကျောက်တန်းလမ်းပိုင်းကိုလည်း စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ဂိတ်ချထားကာလမ်းကို ဖွင့်လိုက်ပိတ်လိုက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
#PPV008
#လွိုင်လင်
#မိုင်းပွန်တံတား
#ပိတ်ဆို့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။