ခမ်းသားငေါဝ်း
မတ်လ ၄၊ ၂၀၂၄

ဆီဆိုင်မြို့နယ်တွင် ပြည်ပရောက်နေသည့် သားကိုယ်စား ဖခင်ဖြစ်သူက PNO-ပြည်သူ့စစ်ထဲ စစ်မှုထမ်းပေးနေရသည်ဟု မတ်လ (၄) ရက်နေ့က ကြုံတွေ့ရသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြောက်ဖက်ကျေးရွာအချို့တွင် PNO ပြည်သူ့စစ်ထုတ်ပြန်လိုက်သည့် စစ်မှုထမ်းအမိန့်ကြောင့် တစ်အိမ်ကို ယောင်္ကျားလေးတစ်ယောက်နှုန်းဖြင့် ပြည်သူ့စစ်သင်တန်းတက်နေရကြောင်း သိရသည်။

“တစ်အိမ် တစ်ယောက် မဖြစ်မနေသွားရတယ်။ မသွားချင်လဲ သွားရတယ်။ လူငယ်တွေက စစ်မှုမထမ်းချင်လို့ ရှောင်နေပါတယ်ဆို သူတို့က အသက်ကြီးတဲ့ ကိုယ့်အဖေအရွယ်တွေကို စစ်မှုထမ်းခိုင်းနေတယ်။ နိုင်ငံခြားထွက်ပြီး ရှောင်တာလည်း အလုပ်က အဆင်မပြေသလို ပွဲစားကလည်း လိမ်စားတာမျိုးရှိတော့ တစ်ပူပေါ်နှစ် ပူဆင့်ဖြစ်နေရတယ်”ဟု ထိုဒေသခံက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး နောက်ပိုင်းတွင် စစ်သင်တန်းအတွက် စစ်သားများ လိုက်လံစုဆောင်းနေကြောင်းသိရသည်။

ပအိုဝ်းဒေသတွင် ဆီဆိုင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်မပြုခင်ကပင် PNO ပြည်သူ့စစ်က အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက် ပြည်သူကို ပြည်သူ့စစ် ထမ်းရန်အမိန့်ထုတ်ခဲ့သည်။

#ppv008
#Humanright
#ပြည်သူ့စစ်
#စစ်မှုထမ်း
#ဆီဆိုင်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *