ခမ်းသားငေါဝ်း
မတ်လ ၄၊ ၂၀၂၄

စစ်ကောင်စီ ကိုသတင်းပေးခြင်းကြောင့် လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ် ဗုံးကြဲခြင်းပြုလုပ်ပြီး လူထုထိခိုက်သည့်အတွက် သတင်းမှားမပေးရန် ဒေသခံ ပြည်သူကတောင်းဆို သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများဖြစ်သည့်ဆီဆိုင်၊လွိုင်လင်၊ဟိုပုံးမြို့နယ်ရှိ တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများကို သတင်းပေးခြင်းကြောင့် စစ်ကောင်စီကလေယာဉ်၊ ဒရုန်းဖြင့် ဗုံးလာကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းလည်း အဆက်မပြတ် ပြုလုပ်လာသည်။

“သတင်းပေးတာမို့လို့ ပအိုဝ်းပြည်သူအိမ် ဘုန်းကြီး ကျောင်းအတော်ပျက်စီးနေရပြီ။ လွယ်ပွတ်ရွာကသက်သေရှိခဲ့ပြီ”ဟု ပအိုဝ်းပြည်သူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ယင်းသတင်းပေးမှုများသည် PNOပြည်သူ့စစ်အားပေးသော ဒေသခံများဖြစ်ပြီး ဒေသခံများမှတစ်ဆင့် အွိုင်းအဖွဲ့၊ အွိုင်းအဖွဲ့မှတစ်ဆင့် PNO ပြည်သူ့စစ် ၊PNO ပြည်သူ့စစ်မှထပ်ဆင့် စစ်ကောင်စီကို သတင်းပေးခြင်းဖြစ်ကြောင်း ဒေသခံပြည်သူကဆိုသည်။

“အဲ့လိုပေးနေလို့ပဲ အိမ်တွေ ဘုန်ကြီးကျောင်းတွေ လေယာဥ်နဲ့ဗုံးကြဲ အမြောက်နဲ့လှမ်းပစ်ခံရလို့ ပျက်စီးမှုများတယ်။ အဲ့လိုသတင်းပေးရင် ပြည်သူအိမ် ၊ ရွာ၊ ရပ်ကွက်၊ ဘုန်းကြီးကျောင်းကိုမီးရှို့တာ ဖျက်စီးတာနဲ့တူတူပဲ”ဟု ၄င်းက ဆက်ပြောသည်။

ထို့အပြင် ယခု ပအိုဝ်းဒေသ စစ်ရေးမငြိမ်မသက်ဖြစ်ချိန်တွင် ဖေ့ဘုတ်ပေါ်တွင် သတင်းအမှား တင်သော Page ၊ဝါဒဖြန့်သည့် Pageလည်း များလာသဖြင့် သတင်းများကို တစ်ဖက်တည်း မယုံကြည်ကြရန်နှင့် သတင်းအမှားများကို Share မလုပ်မိရန်လည်း အရေးကြီးကြောင့် ပအိုဝ်းလူငယ်များက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း တိုက်ပွဲတစ်လကျော်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ၁၁၃၅ ကြိမ်၊ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း ၃၇၁ ကြိမ်ရှိခဲ့ပြီး နေအိမ် ၁၅၀ ကျော်နှင့် ဘာသာရေးအဆောက်အအုံ ၂၀ ဂန်းကျင် ပျက်စီးခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကမတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#PPV005
#social
#Fatenews

ပုံစာ- လက်နက်ကြီး၊လေယာဥ်ကြောင့်နေအိမ်ပျက်းစီးရသည့်ပုံ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *