ခမ်းသားငေါဝ်း
မတ် ၃၊၂၀၂၄

နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ကျောက်တလုံးဒေသခံအချို့ စစ်မှုထမ်းရန် အစားထိုးအနေဖြင့် လစဥ်ကြေးကိုသိန်းချီပေးဆောင်ခဲ့ရကြောင်းထိုင်းရောက်ဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ဘက်ရှိ ကျေးရွာအုပ်စုများအတွင်း နေထိုင်သည့်ဒေသခံများသည် စစ်မှုထမ်းရန်လူကိုယ်တိုင်မရှိခြင်းကြောင့် ထိုစစ်မှုထမ်းအစား ပိုက်ဆံနှင့်အစားထိုးပြန်ပေးနေရကြောင်းဆိုသည်။

“မပေးလို့မရဘူးလေ ငါတို့ရွာကသိတဲ့အတိုင်း၊တစ်လကို ၃ သိန်းအဲ့လိုပေးရတယ်၊ အစက ၅ သောင်းလို့ပြောတယ် ခုကမရတော့ဘူး၊ ရွာသားချင်းချင်းပြောကြတာတော့ သူတို့ကထိုင်းမှာပိုက်ဆံရှာတယ် ငါတို့ကစစ်မှုထမ်းသွားရတယ်ဆိုပြီး ရွာမှာရှိတဲ့သူက သဘောမတူလို့ ခုလိုထည့်ပေးရတာ”ဟုထိုင်းရောက်နေသည့် ကျောက်တလုံးဘက်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြော သည်။

ရွာအတွင်းရှိနေသည့်လူငယ်များသည် ပြည်သူ့စစ်မှုထမ်းသည်ဖြစ်စေ မထမ်းသည်ဖြစ်စေ စစ်သားအဖြစ်ယာယီဝင်ရမည်ဖြစ်ကြောင်းသူဆက်ပြောသည်။

ကျေးရွာအတွင်းနေထိုင်နေသည့်အမျိုးသားတစ်ဦးက”သူတို့(ထိုင်းသွားသူ)က နောက်မှာမရှိလို့ သူတို့မသွားရတော့ ရွာကလူကို အငှားနဲ့ပေါ့၊ ကိုယ်စားသွားပေးရတာ အဲ့လိုမျိုးပုံစံပေါ့။”ဟုပြောသည်။

ကျေးရွာလုံခြုံရေး၊ မြို့လုံခြုံရေးဟုဆိုပြီး မကြာခနအစည်းဝေးခေါ်ကာ ပိုက်ဆံကောက်ခြင်းနှင့် ရွာတွင်းရှိ ပြည်သူ့စစ်သင်တန်းတက်ဖူးသူတို့က အလှည့်ကျဖြင့် ကင်းစောင့်ရခြင်းရှိနေကြောင်းဒေသခံ ထံသိရသည်။

ထို့အပြင် အချို့ရွာတွင် ကျေးရွာတွင်း လုံခြုံရေးမဟုတ်သည့် အခြားနေရာသို့ ကင်းစောင့်စေရန် ရှေ့တန်းကိုစေလွတ်ခြင်း သွားစေခိုင်းခြင်းလည်းရှိနေကြောင်းဒေသခံပြောပြချက်အရသိရသည်။

ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် ပအိုဝ်းဒေသ အတွင်း PNO ပြည်သူ့စစ်က အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက် ပြည်သူ့စစ်မှုထမ်းရန်အမိန့်ထုတ်ပြန်ခဲ့သည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *