ခမ်းသားငေါဝ်း
မတ် ၃၊၂၀၂၄

တောင်သုံးလုံးကျေးရွာတွင်မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ယူလာဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးတစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ် တောင်သုံးလုံးကျေးရွာတွင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က အသက် ၁၁ အရွယ် မောင်ပုရစ်နှင့် အသက် ၁၃ အရွယ်မောင်ထွန်းထွန်းဝင်း ညီအစ်ကို မပေါက်ကွဲသေးသည့်လက်နက်ကိုယူပြီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

“ညီအစ်ကိုနှစ်ယောက် လက်နက်ကြီးကိုယူပြီးဆော့ကစားလို့ အဲ့နေရာက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ မိုင်းရှင်းလင်းရေးတွေတော့လုပ်ထားတယ်၊အကုန်မရှင်းရသေးတော့ခုလိုဖြစ်ပွားတာ”ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပေါက်ကွဲမှုကြောင့် ဦးခေါင်းနှင့်လက် ထိခိုက်ဒဏ်ရာရထားသည့်ကလေးတစ်ဦး လားရှိူးဆေးရုံသို့ဆေးကုသမှုခံယူရခဲ့ကြောင်းဆိုသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားသည့်တောင်သုံးလုံးကျေးရာသည် TNLAတအာင်းတပ်မှထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၂၄၃ အနီးတွင်ရှိကြောင်းသိရသည်။

ရှမ်းမြောက်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်အကြွင်းအကျန်များရှိသည့်နေရာတို့တွင် လက်နက် ကိုင်အဖွဲ့အစည်းများနှင့် တာဝန်ရှိအရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် သာမာန်အရပ်သားနှင့် အဆော့သန်သည့် ကလေးများအန္တရာယ်မရှိရန် ထိခိုက်မှုနည်းရန် အန္တရာယ်ရှိကြောင်းအမှတ်အသား လက္ခဏာများပြထားပေးသင့်ကြောင်းဒေသခံကပြောဆိုသည်။

ထို့အပြင် ရှမ်းမြောက်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း မူဆယ်၊နမ့်ခမ်း၊လားရှိုး၊သီပေါ၊နမ္မတူ၊မန်တုံစသည့်မြို့နယ်အတွင်းမ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့်အရပ်သား၁ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦး၊အမျိုးသား ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသတွင်းသတင်းဖော်ပြချက်အရသိရသည်။

#PPV004

You missed