ခမ်းသားငေါဝ်း
မတ်လ၂၊ ၂၀၂၄
စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မီးလောင်ပြာကျသွားကြောင်း ပုံးအယ်ရွာဒေသခံတစ်ဦးကပြောသည်။
ဟိုပုံးမြို့နယ် တောင်ကြီး မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဖေဖော်ဝါရီ ၂၅ ရင်နေ့က စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့်မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်။
“စစ်ကောင်စီ လေယာဥ် ဖြင့်ဗုံးကြဲပြီးပစ်ချလိုက်တာပါ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပါမကျန် အကုန်မီးရှိုက်လိုက်တာပါ”ဟု ပုံးအယ်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီက ပုံးအယ်မှလက်နက်ကြီးပစ်ခတ်နေခြင်းကြောင့်ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြကြောင်းသိရသည်။
“လောလောဆယ် နေအိမ်မီးလောင်ပျက်စီး တာတော့မရှိသေးဘူး၊ စျေးရောင်းတဲ့အိမ်ဆိုင်တွေ လူနေအိမ်တစ်ချို့တွေက ဖောက်ထွင်းပစ္စည်းခိုးယူတာတော့ရှိတယ်”ဟု ၎င်းဒေသခံကဆက်ပြောသည်။
ထို့အပြင် ဘုန်းကြီးကျောင်းရှိ ရဟန်းသံဃာများလည်း စစ်ဘေးတိမ်းရှောင်ကြပြီး မီးလောင်ပြာကြချိန် ဒေသခံနှင့် ဘုန်ကြီးများကျေးရွာတွင်းမရှိကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဟိုပုံးမြို့နယ် ပုံးအယ်ရွာတွင် စစ်ကောင်စီက တပ်စွဲ ထားပြီးအကြောင်းမဲ့မိုင်းပွန်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သည်။
#ppv002