ခမ်းသားငေါဝ်း
မတ် ၁၊၂၀၂၄

အောင်ပန်းမြို့တွင် ဆိုင်ကယ်တစ်စီး လမ်ဘေးအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သရက်ပု-ကမ်းပါးနီ ဂျာမနီလမ်းတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ အုတ်တံတိုင်းကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“တစ်ဦးက ပွဲချင်းသေဆုံးတယ် တစ်ဦးတော့ဒဏ်ရာအပြင်းအထန်ရတယ် ညမိုးချုပ်လည်း ဖြစ်တော့ ဆိုင်ကယ်အမြန်မောင်းကြပြီး အရှိန်မထိန်းနိုင်ပဲ ဖြစ်သွားတာ”ဟု ဆေးရုံသို့ပို့ဆောင်စဉ် ပါဝင်ကူညီပေးသူတစ်ဦးက ပြောသည်။

သေဆုံးသွားသောသူသည် ကမ်းပါးနီရွာ ကိုမောင်ဆိုသူဖြစ်ပြီး ဒဏ်ရာရသူသည် အိုးသည်ရွာ ကိုဝင်းဖြစ်ကြောင်း သိရသည်။

ယခုတွင်ကိုဝင်းသည် အောင်ပန်းဆေးရုံ အရေးပေါ်ငှာနတွင် ဆေးကုမှုခံယူနေပြီး သေဆုံးသူသည် နာရေးကူညီမှုအသင်းအောင်ပန်းက လာရောက်ကူညီပြီး အောင်ပန်းမြို့ရင်ခွဲရုံသို့ပို့ခဲ့ ကြောင်းသိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီ၂၃ရက်နေ့တွင်လည်း အောင်ပန်း-တောင်ကြီးကားလမ်းပေါ်တွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *