ခမ်းသားငေါဝ်း
မတ် ၁၊ ၂၀၂၄

လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု လမ်းမကို ပိတ်ထားခဲ့ရာ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က ပြန်ဖွင့်ပြီး ကားများသွားခွင့်ပြုလိုက်သည်ဟု သိရသည်။

“ဘယ်လောက်ဖွင့်ပေးမလဲတော့ ရက်အကန့်အ သတ်မသိရသေးဘူး ပိတ်မိနေတဲ့ ကားတွေတော့သွားခွင့်ပေးထားတယ် ဟိုပုံးမိုင်းပွန်ကို သွားမယ့်ကားတွေလည်းနေ့လည်ပိုင်းမှာ သွားခွင့်ပြုမယ်လို့ ပြောထားတယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အဖွဲ့သည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ရက်မှစ၍ လမ်းကိုပိတ်ထားကာ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်လည်း ကျောက်တန်းလမ်းကို ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေသောကြောင့် ကားတန်းရှည်များထပ်မံပိတ်မိနေခြင်းများရှိကြောင်းလည်း သိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *