ခမ်းသားငေါဝ်း
မတ် ၁၊ ၂၀၂၄

နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅ နာရီကျော်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျေရွာထဲကို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်လာခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးထိတာက အမျိုးသမီးပေါင်မှာထိတယ် ဒဏ်ရာတော့တအားမကြီးဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

လက်နက်ကြီးကျေးရွာထဲကျရောက်ပြီးနောက် ရွာခံနှင့် စစ်ရှောင်များလည်း ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“ရွာသားတွေစံကားဖက် ကုန်းသားဖက် လုံကန်ဖက် ထီးကား မြို့ဟောင်းအဲ့ဖက်တွေရှောင်ကြတယ် ၂ ရက်တစ်ခါ ၃ ရက်တစ်ခါတော့ရွာထဲလက်နက်ကြီးကျတယ်”ဟု ၄င်းကဆက်ပြောသည်။

ယင်းပစ်ခတ်မှုသည်ထီရီးရွာနှင့် ဖယ်ခုံမြို့ လက်နက်ကြီးတပ်များ အထိုင်ချပြီးပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နန်းတုတ်ရွာထဲလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *