ခမ်းသားငေါဝ်း
မတ် ၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အထွက် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ စစ်ကောင်စီလက်အောက်ဝန်ထမ်းများက ပေးဝေနေသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။

၎င်းကို စစ်သား၊ ရဲနှင့် ပြန်ကြားရေးအဖွဲ့များ ဦးဆောင်ပြီး မတ်လ ၁ ရက်နေ့မနက်ပိုင်းက ဂိတ်ဖြတ်သွားသည့်ပြည်သူများကို ပေးဝေနေသည်ဟုသိရသည်။

“မနက် ၁၀ နာရီလောက်ဂိတ်ဖြတ်သွားတော့ ဝေပေးနေတာ ပေးတယ်ဆိုတော့လည်းယူရတာပေါ့ မယူရင်လည်းတစ်ခုခုလုပ်မှာကြောက်တော့ ယူသာယူဖြစ်တာ မဖတ်ဖြစ်ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရင် တွင်လည်းတောင်ကြီးမြို့ပေါ်နှင့် အေးသာယာတွင် စစ်မှုထမ်း ဥပဒေ နှင့်ပတ်သက်သည့်လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်မှူးကြီးသန်းရွှေ ပြဌာန်းထားသည့်ပြည်သူ့စစ်မှုထမ်းစစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖော်ဖော်ဝါရီ ၁၀ ရက်တွင် အသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူများ အများအပြားပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်းလည်းသိရသည်။

PPV008

Leave a Reply

Your email address will not be published. Required fields are marked *