ခမ်းသာငေါဝ်း
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရွာငံမြို့နယ်တွင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း Yawngan PDF (JPRF)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာတွင် ဘောလုံးအားကစားကို ဘန်းပြပြီးလောင်းကစားဝိုင်းများပြုလုပ်နေပါသဖြင့် Yawngan PDF (JPRF)မှ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။

ထိုနေရာတွင် ဂျင်နှင့် မိုးကြိုး ကုန်းကင်းအစရှိသည့် လောင်းကစားဝိုင်းများသာမက မူးယစ်ဆေးများကိုပါ ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။

လောင်းကစားဝိုင်းအားဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် ဖုန်းနှင့် ငွေသားသိန်း(၂၀)ကို Yawngan PDF (JPRF)မှ သိမ်းဆည်းရမိပြီး လောင်းကစားဝိုင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။

ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်ဒေသများတွင် စစ်ကောင်စီတပ်အရာရှိများနှင့် ပျူစောထီးများသည် လောင်းကစားဝိုင်း၌ အခကြေးငွေယူပြီး တွင်တွင်ကျယ်ကျယ်နေရာအနှံ့ဖွင့်လှစ်ထားကြောင်း မူးယစ်ဆေးဝါးများကိုလည်း စစ်ကောင်စီလက်အောက်ခံပျူစောထီးများက ရောင်းဝယ်ဖောက်ကားနေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပင်းတယမြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်းတွင် ပြုလုပ်နေသည့်လောင်းကစားဝိုင်းများလည်း ရပ်တန့်ကြရန် Yawngan PDF (JPRF)မှ အသိပေးပြောဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *