ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။

မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက ကျောက်တန်းလမ်းကိုအသုံးပြုသွားလာရာတွင်ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းလမ်းကို ခေတ္တပိတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ဖွင့်ခဲ့သည်ဟု သိရသည်။

“သူတို့က ဂိတ်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေတော့ ဒီနေ့လည်း ထပ်မံပိတ်မိနေတယ် စစ်ပွဲထပ်ဖြစ်တာလား ကားထပ်ပြီးမတော်တဆထပ်ဖြစ်တာလား တမင်ပိတ်လိုက်တာလားတော့မသိဘူး လောလောဆယ်တန်းစီပြီးပိတ်မိနေတာပဲ”ဟု အမည်မဖော်လိုသူတစ်ဦးက ခမ်းသားငါဝ်းကိုပြောသည်။

ယနေ့တွင် ကားလမ်းပိတ်ထားလား၊ ဖွင့်ထားလားမသိသော်လည်း ယာဥ်ကြောပိတ်မိပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း ကားသမားများထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ဟိုပုံးနှင့်မိုင်းပွန်ကြားတိုက်ပွဲကြောင့် ယခုလက်ရှိအချိန်ထိ လမ်းများပိတ်ထားနေဆဲဖြစ် ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း ကျောက်တန်းလမ်းမပေါ်တွင် ကားမတော်တဆ နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ အများအပြားရှိခဲ့ကြောင်း သိရပါသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *