ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

တောတောင်ထဲရှိ ဆီဆိုင်စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရပြီး မသန့်သည့်ရေများ သောက်သုံးနေရသည့်အတွက် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်းပြီးနောက် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေပြီး ဆေးဝါးရရှိရန်လည်း အခက်ခဲရှိနေကြောင်း သိရသည်။

“ဝမ်းလျှောတာက ဆေးခန်းတွေပြကြပေမယ့် ဖြစ်တဲ့လူဦးရေကအရမ်းများတယ် အထူးသဖြင့်ကလေးတွေ အဖြစ်များတယ် ကလေး ၁၀ ယောက်မှာ ၈ ယောက်ကဖြစ်တယ်”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

နီးစပ်ရာရပ်ကျေးဆေးပေးခန်းတွင်ပြသခွင့်ရသော်လည်း လုံလောက်သည့်ဆေးပစ္စည်းများမရရှိကြောင်းသိရသည်။

ထိုအပြင် ရာသီဉတု အပြောင်းအလဲကြောင့် နှာစေးသူ ၊ချောင်းဆိုးသူလည်းများသည့်အပြင် သွေးတိုးရောဂါခံစားနေရသူ များလည်းရှိကြောင်း သိရသည်။

လက်ရှိဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်း၊ ဖုန်းလိုင်းဖြတ်တောက်ထားပြီး အရေးအကြောင်းတွင် ဖုန်းလိုင်းရသည့်နေရာသွားပြီး ဆက်သွယ်ရကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်သယ်ခြင်းများ မပြုလုပ်ကြရန် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ထုတ်ပြန်သတိပေးထားသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *