ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၃

စစ်ကောင်စီက လေကြောင်းခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ညပိုင်း ၁၀ ရာရီခွဲကျော်ခန့်က လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်ပျက်စီးသွားပြီး လျှပ်စစ်ဓာတ်ကြိုးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့ညက စကစက အကြောင်းမဲ့ဗုံးလာကြဲသွားတာ ဓာတ်ကြိုးပြတ်သွားပြီး ဓာတ်တိုင်လည်း ပျက်စီးသွားတယ် ပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး ဒီမနက်ဖုန်းလည်းဆက်သွယ်လို့မရဘူး”ဟု သတင်းရင်းမြစ်တစ်ဦးက ခမ်းသားငါဝ်းကို ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်း ကြောင့် လွယ်ဝိုးတုတ်ကျေးရွာရှိနေအိမ် ၈ လုံး မီးလောင်ပျက်စီး သွားခဲ့ကြောင်း သိရပါသည်။

ဟိုပုံးမြို့ အရှေ့ဘက် မိုင်းပွန်မြို့အနောက်ခြမ်းတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်အဖွဲ့နှင့် PNLA မဟာမိတ်အဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီး နှင့်လေယာဥ်ဗုံးကြဲပစ်ခတ်ခြင်းများပြုလုပ်လာသည်။

PPV008
#ဟိုပုံး
#လွယ်ဝိုးတုတ်
#လျှပ်စစ်တာဝါတိုင်
#လေကြောင်းတိုက်ခိုက်မှု
#humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *