Month: March 2024

စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်နောင်ဝိုးတောင်ပေါ် တံတား ပျက်စီး

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ပင်​လောင်း- လွိုင်ကော်လမ်းမကြီး နောင်ဝိုးတောင်ပေါ် တံတားပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့ ပင်လောင်း လွိုင်ကော် ပြည်ထောင်စုလမ်းမပေါ် နောင်ဝိုးနှင့်ဆောင်းပြောင်းရွာကြားရှိ လမ်းတံတားကို ယနေ့…

ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေခြင်းကြောင့် ဝင်ရောက်ပါက လူသားဒိုင်းအဖြစ်ခံရနိုင်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း မတ် ၃၀ ၊ ၂၀၂၄ ယခုဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေဖြစ်ပြီး ပြည်သူများအနေဖြင့် ဝင်ရောက်ပါက စစ်ကောင်စီ၏လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တိုက်ပွဲဇုန်ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအား…

တောတောင်ထဲ ဒုက္ခပေါင်းစုံအပြင် တိုက်လေယာဉ်၊ လက်နက်ကြီးရန်ကိုအမြဲကြောက်နေခဲ့ရတဲ့ စစ်ရှောင်ဘဝ

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ကျွန်တော် ကြက်သွန်ဖြူ ရေဖြန်းနေချိန် လေယာဉ်လာတော့ အကာကွယ်ယူဖို့ သစ်ပင်ကြီးကြီးအောက်မှာ ပြေး ပုန်းခဲ့ပါတယ်။လေယာဉ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ဗုံးကြဲချလိုက်တယ်။ မြေတောင်တုန်တယ်။ မီးတောက်ပွင့်လာတာကိုလည်း ကျွန်တော်သေသေချာချာမြင်နေရတယ်”လို့…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံးထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဗန်းမောက်ရွာတွင် မတ်လ၂၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ရသည်။ “အဲနေ့က…

ဟိုပုံးဆန္ဒပြပွဲတွင် ဒေသခံများမပါဝင်နေဟုဆို

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ ဟိုပုံးတွင် စစ်ကောင်စီအသိုင်းဝိုင်းက သံဃာနှင့်စစ်ကောင်စီထောက်ခံသူအချို့ ဆန္ဒဖော်ထုတ်ရာတွင် ဒေသခံများမပါဝင်နေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ယနေ့မနက် ၉ နာရီခွဲအချိန်ခန့်က စစ်ကောင်စီအသိုင်းဝိုင်းမှသံဃာတော်များ ဦးဆောင်ကာ အထကကျောင်းမှ စတင်လမ်းလျှောက်ထွက်လာခဲ့ပြီး ဟိုပုံးဘုရားကြီးရှေ့တွင်…

ညောင်ရွှေတွင် စစ်မှုထမ်းရန်မဲကျသူများကို ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း မတ် ၂၉၊ ၂၀၂၄ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းရန်မဲကျသူများအတွက်ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေကြောင်း JMC- Innlay အဖွဲ့ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနှင့် အပေါင်းအပါများက စစ်မှုထမ်းသူများအား…

နမ်းတုတ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင်ကားတစ်စီး ထိမှန်ပျက်စီး

ခမ်းသားငေါဝ်း မတ်၂၈၊ ၂၀၂၄ နမ်းတုတ်ကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွာအနီး မတ်လ(၂၇)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီကတိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးလောင်ဗုံးများကြဲ ချခြင်းကြောင့်…

ပင်လောင်းစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်သူထံမှသိရသည်။ ယင်းစစ်ဘေးရှောင်များသည် ယခုမတ်လမှ ထွက်ပြေးတိမ်းရှောင်ရသည့် ဗန်းမောက်၊ နမ်းဖာမူ၊ လုံးပျဉ်၊တောင်မဲသင်း၊ နမ်းနိန်း၊ ဆောင်းပြောင်းကျေးရွာတို့ဖက်မှ ဒေသခံများ ဖြစ်ကြပြီး စားနပ်ရိက္ခာအပြင်…

လုံးဒါကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဝင်ရောက်ပြီး ပြည်သူနေအိမ်ရှိ ပစ္စည်းများခိုးယူနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကမတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊…

ကလောတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးငွေကောက်ခံနေသည့်အတွက် အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက်…