ပင်းတယမြို့ကျူံးစံပြကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ အာဏာပိုင်များအခွန်ယူပြီးလောင်းကစားဝိုင်းဖွင့်လှစ်နေ
ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၈၊၂၀၂၄ ပင်းတယမြို့နယ်ကျူံးစံပြကျေးရွာအတွင်း စစ်ကောင်စီအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းရှိ လူငယ်များအကျင့်စာရိတ္တပျက်ပြားနေရ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျုံးစံပြကျေးရွာအုပ်စုတွင် စစ်ကောင်စီအာဏာပိုင်များက အခကြေးငွေယူပြီး လောင်းကစားဝိုင်းကိုအကြီးအကျယ်ဖွင့်လှစ်နေသည့်အတွက် လူငယ်အများစု အကျင့်စာရိတ္တပျက်ပြားနေရကြောင်းဆိုသည်။ “လူငယ်တွေအိမ်ထောင်ကွဲတာတွေရှိတယ်။…