စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်၍ ဒေသခံ ထိတ်လန့်ထွက်ပြေး
ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရွာဒေသခံများထိတ်လန့်ပြီး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ဟိုပုံးမြို့နယ် တောင်ကြီး-မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီးဖေ ဖော်ဝါရီလ(၂၀)ရက်နေ့ညနေပိုင်းက အကြောင်းမဲ့ ပွန်ချောင်းဘက်သို့လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်တိုက်ပွဲဖြစ်လာမည်ကိုဒေသခံက စိုးရိမ်နေကြ သည်။ “စဖြစ်တာက(၄)နာရီဝန်းကျင်လောက်ထင်တယ်၊ ရုတ်တရက်ရွာပေါ်မှာ လေယာဥ်တွေအများကြီးလာဝဲတော့ လန့်သွားတယ်၊ ဒီညအိမ်မှာမအိပ်ရဲဘူး ရွာထဲကျမှာစိုးလို့ ခြံထဲကတဲမှာပဲသွားအိပ်ကြတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ပုံအယ်ကျေးရွာရှိရွာသားများသည်လည်းထွက်ပြေး…