ခမ်သားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခုဲင်းကျေးရွာတွင် ယနေ့မနက်ပိုင်း ၉ နာရီခွဲ အချိန်က စစ်ကောင်စီ လေယာဉ်ဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ပေါင် ၅၀၀ ဗုံးနဲ့ လာချတာ နေအိမ်ပေါ်တည့်တည့်ကျတော့ တစ်ယောက်က သေသွားတယ်ပွဲချင်းပြီး မြေတွေတောင်တုန်တယ် တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းသတင်းငှာနကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ညတွင်လည်း နာခုဲင်းကျေးရွာအနီး ထီတမ်းရွာနှင့် ထမ်းယမ်ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့်ကလေးအပါဝင် ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနားခုဲင်းကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ တပ်စွဲထားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ စစ်ကောင်စီက တမင်သက်သက် ပအိုဝ်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု PNLA ကထုတ်ပြန်ပြောဆိုထားသည်။

မြေပြင်တိုက်ပွဲတွင် အထိနာနေသည့် စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများ လူအခွင့်အရေးများ ကျင့်ဝတ်များအား ပေါ်ပေါ်တင်တင် ကျူးလွန်ချိုးဖောက်ကာ ပြည်သူလူထုအား ရန်သူသဖွယ် တိုက်ခိုက်နေပြီး ပြည်သူလူထုများအနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လုံခြုံစိတ်ချရသည့် ဗုံးခိုးကျင်းများအား ကိုယ်စီတူးထားကြရန် PNLA ကတိုက်တွန်းထား သည်။

#PPV005
#ဆီဆိုင်

Leave a Reply

Your email address will not be published. Required fields are marked *