ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄

တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်မီးလောင်ပျက်စီး သွားကြောင်းသိရသည်။

ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီလေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ရကြောင်းသိရသည်။

#ppv002
#Humanright
#လေယာဥ်ဗုံးကြဲ
#ဟိုပုံး
#ပင်လျမ်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *