ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

မှော်ဘီစျေးနေ့တွင် မှော်ဘီကျေးရွာတောင်ဖက်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်၌ တောင်ဖက်မှ လက်နက်တင်ဆောင်လာသည့် ကားတစ်စီး ဖမ်းမိခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက်ရှိဂိတ်တွင် လက်နက်သယ်လာသောကားတစ်စီးကို ဖေဖော်ဝါရီလ၂၆ရက်နေ့က ဖမ်းမိခဲ့ကြောင်းသိရသည်။

“ကားက canter နဲ့ပေါ့နော်။ ငှက်ပျေားသီးအပြည့်တင်ထားပြီး သူတို့စစ်ဆေးလိုက်တဲ့အချိန်ငှက်ပျေားသီးအောက်မှာ သေနတ် တွေ့တယ်။ကားပေါ်လူသုံးယောက်ပါတယ်။ အကုန်ဖမ်းသွားသိမ်းသွားတယ်။ပြီးရင် အဲနေ့က အဲဂိတ်ဖြတ်သွားလို့မရတော့ဘူး။လုံးလုံးပိတ်ထားတယ်။စျေးသွားသူလည်း အကုန်ပြန်ရတယ်။မနေ့မှပြန်ဖွင့်ပေးတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယင်းဂိတ်ပြန်ဖွင့်ပြီးနောက် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က သွားလာနေသည့်ဒေသခံနှင့်ခရီးသွားများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်းသိရသည်။

မှော်ဘီကျေးရွာတွင် တောင်ဖက် လွိုင်ကော်သွားလမ်း၊ အနောက်ဖက် ပင်လောင်းလမ်း၊မြှောက်ဖက်တောင်ကြီးလမ်းနှင့်အရှေ့ဖက် ဆီဆိုင်မြို့သွားလမ်း ဆုံသည့်နေးရာ​ဖြစ်သည်။

ထိုလမ်းဆုံသည် ကုန်စည်သယ်ယူပို့ဆောင်ရာ၌ အဓိက ကျသည့်လမ်းဖြစ်သလို ကရင်နီပြည် နှင့်ရှမ်းပြည်နယ် ဝင်ထွက်၍ရသည့်လမ်းလည်းဖြစ်သည်။

မှော်ဘီကျေးရွာတွင် တောင်ဖက်ရွာအဝင်ဂိတ်နှင့် မှော်ဘီရွာအနောက်ဖက် ဘီလူးချောင်းဖြတ် တံပေါ်ရှိဂိတ်စသည့် ဂိတ်နှစ်ခုရှိပြီး ယင်းဂိတ်နှစ်ခုစလုံး တင်းကြပ်စွာ စစ်ဆေးနေ၍ ဖြတ်သန်းသွားလာသည့် ဒေသခံနှင့် ခရီးသွားများထံ ပစ္စည်း လုယူခြင်းတို့လည်း မကြာခဏကြုံရကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း ဖယ်ခုံမြို့ဒေသခံတစ်ဦး သယ်လာသည့်ဒီဇယ်၊ဓာတ်ဆီ ၉ ပေပါဖမ်းဆီးထိနိးသိမ်းခံရပြီး လူကို သိန်း ၅၀ဖြင့် ပြန်လည်ရွေးယူရခဲ့ရကြောင်းသိရသည်။

#PPV005
#မှော်ဘီ
#လက်နက်တင်
#တင်းကြပ်စွာစစ်ဆေး
#ညောင်ရွေမြို့

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *