ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

နေအိမ်သို့ပစ္စည်းများ ပြန်လာယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကျောတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ဆီဆိုင်မြို့နေ အမျိုးသမီးတစ်ဦး ဆေးကုသရန်ငွေကြေးအခက်ခဲရှိနေကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နေအိမ်ပစ္စည်းပြန်ယူစဉ် ဒဏ်ရာရရှိခဲ့ပြီး တောတောင်တွင်းသာ ရှောင်နေသောကြောင့် ဆေးကုသမှု ချက်ချင်းမပြုလုပ်နိုင်ဘဲ ဆေးနီနှင့် ရှေ့ဦးလူနာပြုစုနည်းဖြင့် ကုသစဉ် ဒဏ်ရာပြင်းထန်လာသဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ကုသမှုခံယူခဲ့ပြီး ငွေကြေးအခက်ခဲများရှိနေကြောင်း သိရသည်။

“အခုတော့ခွဲပြီးပြီ တိုက်ပွဲရှောင်ရတယ်ဆိုတော့ အဖက်ဖက်လိုအပ်နေတယ် အဝတ်အစားလည်းမပါဘူး စောင်လည်းမပါဘူး ပိုက်ဆံလည်း အခက်ခဲရှိတယ် ဒဏ်ရာကတော့ ဒီတိုင်းပဲရှိသေးတယ် နေ့တိုင်းဆေးထည့်ရတယ် ဆေးကလည်းအပြင်မှာဝယ်ရတာများတော့ ပိုက်ဆံလည်းကုန်များတယ်” ဟု ဒါဏ်ရာသည့် အမျိုးသမီးက ခမ်းသားငေါဝ်းကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်လည်း ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သည့်ယာဉ်များ ဒရုန်းဖြင့်ဗုံးကြဲခံရပြီး အရပ်သား ၇ ဦးပွဲချင်းသေဆုံးခဲ့ရကြောင်း သိရသည်။

ယခုဆီဆိုင်မြို့တွင် စစ်ကောင်စီဖက်လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် ဆိုက်ခိုက်နေဆဲဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း နေအိမ်ပြန်ကြည့်ခြင်း၊ ပစ္စည်းပြန်သယ်ခြင်းများ မပြုလုပ်ကြရန်လည်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAက ထုတ်ပြန်သတိပေးထားပါသည်။

#PPV005
#ဆီဆိုင်
#ဗုံးပေါက်ကွဲစထိမှန်
#နေအိမ်သို့ပစ္စည်းပြန်ယူ
#အမျိုးသမီး
#Humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *