ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး မိုင်းပွန်လမ်းကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး သွားလာ၍မရနိုင်သေးကြောင်း ဒေသခံတစ်ဦးထံမှ သိရှိရပါသည်။

မိုင်းပွန်နှင့် ဟိုပုံးမြို့နယ်ကြားရှိတိုက်ပွဲများကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား‌နေ ပြီးခရီးသွားလာသည့်ပြည်သူများကို သေနတ်ဖြင့်ပစ်ခတ်မှုများပြုလုပ်နေကြောင်းလည်းသိရှိရပါသည်။

“ဟိုပုံး မိုင်းပွန်လမ်းကို ပိတ်ထားတာ ၅ ရက် ၆ရက်ရှိပြီ ခရီးသွားတဲ့ကားတွေကို စစ်တပ်က ပစ်ခတ်တာမျိုးရှိတော့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးကိုသေချာစုံစမ်းပြီးမှသွားဖို့လိုတယ်”ဟု အမည်မဖော်လိုသူတစ်ဦးက ခမ်းသားငါဝ်းကိုပြောပါသည်။

ဟိုပုံးနှင့် မိုင်းပွန်အကြားတွင် ဖေဖော်ဝါရီ၂၁ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူများအပြားတိမ်းရှောင်နေရသည့်အပြင် ကားလမ်းများပိတ်ထားသည့်အတွက် ခရီးသွားပြည်သူများ ကာတန်းရှည်များပိတ်မိနေကြောင်းသိရှိရပါသည်။

#ppv008
#လမ်းပိတ်
#မိုင်းပွန်
#social

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *