ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊၂၀၂၄

ဟိုပုံးမြို့နယ် အရှေ့ဘက်တစ်နေရာ၌ စစ်ကောင်စီတပ် နှင့် PNLAမဟာမိတ်ပူးပေါင်းတပ်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ ၂ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါ ၁၆ ဦးသေဆုံးခဲ့ကြောင်း PNLA၏ထုတ်ပြန််ချက်အရသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် အရှေ့ဘက်တစ်နေရာတွင်ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်၁၀ နာရီမှ ညနေ ၃ နာရီမိနစ် ၄၀ အထိ နှစ်ဘက်ကြားတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီအလောင်း ၁၆ လောင်းကျန်ခဲ့သလို လက်နက်ခဲယမ်းအချို့ကိုလည်းသိမ်းဆည်းရမိကြောင်းဆိုသည်။

“စစ်ကောင်စီစစ်ကြောင်း၊မိုင်းပွန်ကနေစစ်ကြောင်းထိုးလာတယ်ပေါ့နော်။ အဲ့ဒီမှာတိုက်ဖြစ်တော့ သူတို့အလောင်း ၁၆ လောင်းကျန်ခဲ့တယ်။ သေဆုံးတဲ့ထဲက ဗိုလ်မှူး ၂ဦး၊ ဗိုလ်ကြီး ၃ ဦးပါတယ်ပေါ့။”ဟု PNLA၏ ပြောဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်း ကိုပြောသည်။

စစ်ကောင်စီ၏ MA သေနတ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက်နှင့် အခြားဆက်စပ်ပစ္စည်း လက်နက်ခဲယမ်း ကျည်ဆံတို့ကိုလည်းသိမ်းဆည်းရမိကြောင်းသူကဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည်ထမ်းစဆန်းဂူ ဘုရား၌ တပ်စွဲပြီး မဲမယ်တောင်ဒေသဘက်နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွယ်ဝိုးတုတ်ကျေးရွာဘက်၌ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း ကြောင့် လူနေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အတူ ယမန်နေ့က စစ်ကောင်စီတပ်မှ ဆီဆိုင်မြို့ဘက်ကိုလည်း လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ပြီး မိဘပြည်သူ အထွဋ်အမြတ်ထားသော ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်များထိခိုက်ပျက်စီးရန် စစ်ကောင်းစီနှင့် လက်အောက်ခံပြည်သူ့စစ်များက ပြုလုပ်နေလျက်ရှိကြောင်း ပြောဆိုထားသည်။

#PPV004
#တိုက်ပွဲသတင်း
#ဟိုပုံး
#စစ်ကောင်စီသေဆုံး
#PNLA

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *