ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄

ဟိုပုံးမြို့ပေါ်ရှိ 99ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးနှင့် ငွေသားအချို့ ပါသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့ ၊တောင်ရပ်ကွက်ရှိ99ဖုန်းဆိုင်ကို ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းက ပျောက်ကျားအိင်္ကျီဝတ် သေနတ်အရှည်ကိုင်ဆောင်ထားသူနှစ်ဦးက ဓားပြတိုက်သွားခဲ့ကြောင်းသိရသည်။

“နေ့ခင်းဖက်တောင် ပေါ်ပေါ်ထင်ထင် ဓားပြတိုက်ရဲကြတယ်။အရမ်းကြောက်ဖို့ကောင်းတယ်။ဘယ်သူဘယ်ဝါဆိုတာတော့ခုထိ ဖမ်းမမိသေးဘူး။PNAနဲ့ ရဲတွေက စုံစမ်းမှုပြုလုပ်နေဆဲလို့ကြားတယ်။ဓားပြတိုက်သူက လက်နက်အပြည့်အစုံနဲ့ ဗုံးလည်းပါတယ်။”ဟု ဟိုပုံးမြို့ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင်လုယက်မှု၊ ခိုးမှုများရှိသော်လည်း ယခုလို လက်နက်ပြ ခြိမ်းခြောက်ပြီး ဓားပြတိုက်မှုသည် ပထမဆုံးကြားဖူးတာဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ဖုန်းဆိုင်နှင့် နီးစပ်သူတစ်ဦးကလည်း”ဓားပြတိုက်ချိန် အရောင်းစာရေးမကို ဟောက်နေတာ ပအိုဝ်း အသံနဲ့ “ဟု ပြောသည်။

“ဟိုပုံးမြို့ထဲ နေ့ခင်းကြောင်တောင် သေနတ်ကိုင်ပြီးသွားလာခွင့်ရှိတာ ပြည်သူ့စစ် ပဲရှိတယ်၊ စစ်ကောင်စီတပ်အောက်ကလူတွေပဲဖြစ်မယ်” ဟု ​PNLA ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။

ဟိုပုံးမြို့သည်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းလက်နက်ကိုင်အဖွဲ့ကဆိုပြီး လုပ်ငန်းရှင်များထံဖုန်းဆက် ခြိမ်းခြောက်ငွေတောင်းမှုများလည်း ရှိကြောင်း သိရသည်။

ဟိုပုံးမြို့တွင်အရှေ့ဖက် မိုင်းပွန်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ် PNLAတို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါသည်။

#ppv005
#ဓားပြ
#ဟိုပုံး
#ဖုန်းဆိုင်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပါတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *