ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊၂၀၂၄

လွိုင်လင်မြို့နှင့် နမ့်စန်မြို့အတွင်းရှိ ဆီပန့်ဆိုင်ကြီးအချို့တို့တွင် စက်သုံးဆီဝယ်ယူ၍မရ တော့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ရှိ BOCနှင့် နမ့်စန်ရှိ BOC၊ DENKO ဆိုင်တို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆီဝယ်ယူလို့မရဘဲပြတ်လပ်နေ ကြောင်း သိရသည်။

“မနေ့ကနမ့်စန်မှာ BOC နဲ့ DENKO ၂ ဆိုင်စလုံးဆီကတောင် မရတော့ဘူး နောက်ပြီးလွိုင်လင် BOC နဲ့ရွှေရောင်လမ်းလည်း ဆီးမရှိတော့ဘူး အဲ့ဒါနဲ့ ဆိုင်အသေးလေးတွေဆီကပဲ ရသလောက်ဈေးကြီးပေးဝယ်ရလည်း ဝယ်ထားမိတော့တယ်။”ဟုဒေသခံတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည်။

ယခုလိုဆီပန့်ဆိုင်ကြီးများအပါ ဆီကုန်သည်ထိဖြစ်ပွားရသည်မှာ ဟိုပုံး မိုင်းပွန် နမ့်စန်လမ်းကို ပိတ်ထားနေသေးသည့်အတွက် ဆီပြတ်လပ်နေရခြင်းဖြစ်နိုင်ကြောင်း၎င်း ကဆက်ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း “လွိုင်လင် BOC မှာအခုပဲသွားလာတာ ပိတ်ထားနေတုန်း ရွှေရောင်လမ်းမှာတော့ ရလာခဲ့တယ်”ဟုပြောသည်။

သို့သော် ကားငယ်များဖြင့် ဆီပန့်ဆိုင်တွင် ကားထိုးပြီး စက်သုံးဆီကို ဈေးမြင့်ရောင်းပေးမှုများရှိနေကြောင်း ၎င်းဆိုသည်။

လွိုင်လင်မြို့နယ် မိုင်းပွန်အနီးနားရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လွိုင်လင်မြို့ နှင့် နမ့်စန်အထိဖြစ်လာမည်ကိုစိုးရိမ်နေကြရပြီး ဒေသခံများမှာ စက်သုံးဆီများကိုပါဝယ်ယူစုဆောင်းနေကြရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့ နှင့်မိုင်းပွန်မြို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မိုင်းပွန်ဂိတ်နှင့် လွိုင်လင်တိုးဂိတ်တွင်ယခုချိန်ထိ လမ်းပိတ်ထားကြောင်းသိရသည်။

#PPV004
#လွိုင်လင်
#နမ့်စန်
#စက်သုံးဆီ
#ဆီပန့်ဆိုင်ကြီးအချို့
#social

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *