ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဟိုပုံးနှင့် မိုင်းပွန်မြို့ကြားက တိုက်ပွဲများကြောင့် မိုင်းပွန်မြို့တွင် Mytle ၊Atom နှင့် Ooredoo လိုင်းများ ပြတ်တောက်နေပြီး MPTလိုင်းသာ ရနေကြောင်း သိရသည်။

“MPT တောင် လိုင်းမကောင်းဘူး တစ်ချက်တစ်ချက် ပြတ်တာမျိုးတွေရှိတယ် ရလိုက်မရလိုက်နဲ့ပဲ တခြားဟာတွေတော့ အင်တာနက်ရောဖုန်းလိုင်းရောမရဘူး” ဟု အမည်မဖော်လိုသူတစ်ဦးက ခမ်းသားငါဝ်းကိုပြောသည်။

လွိုင်လင်၊ နမ့်စန် ၊ ပင်လုံ၊ လဲချား၊ ခိုလမ်တို့တွင်လည်း အင်တာနက်လိုင်းများ ဆိုးရွားနေကြောင်း သိရသည်။

လွိုင်လင်၊မိုင်းပွန်နှင့် တောင်ကြီး သွားရာလမ်းကို တိုက်ပွဲစတင်ဖြစ်ပွားသည့်ရက်မှ၍ ယခုအချိန်ထိ ဆက်လက်ပိတ်ထားပြီး စက်သုံးဆီများလည်း ပြတ်လပ်နေကြောင်း သိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *