ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

အင်းလေးဒေသတွင် စစ်ကောင်စီကအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ခုနှင့် အရပ်သားနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးဒေသ ဟိုပန်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး အကြောင်းမဲ့သက်သက်ရွာထဲပစ်ထည့်တာ ထီရီးဂိတ်မှာ လက်နက်ကြီး အထိုင်ချပြီး ပစ်နေတာ”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဟိုပန်၊ တောင်ပို့ကွဲကျေးရွာသည် ပင်လောင်း- ညောင်ရွှေ-ဖယ်ခုံ နယ်စပ်တွင်ရှိပြီး တိုက်ပွဲမဖြစ်ပွားပဲ စစ်ကောင်စီက လက်နက်ကြီး မကြာခန ရမ်းသမ်းပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း တောင်ပို့ကွဲရွာအနီးရှိ နန်းတုတ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *