ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင်ဖေဖော်ဝါရီလ (၂၆)ရက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုတဖူကဲင်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

“မနေ့ည ၇ နာနီလောက်ကဖြစ်မယ်၊ စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးလာကြဲတော့ ရွာထဲကအိမ်တလုံးထိသွားတယ်၊ ရွာထဲမှာတော့ နာမကျန်းဖြစ်တဲ့သက်ကြီးရွယ်အိုပိုင်း ၃ ယောက် ၄ ယောက်တော့ကျန်သေးတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုဒေသရှိယုပ္ပေးရွာ၊ တဖူကဲင်းရွာ ရှိရွာသူရွာသားများသည် တောတောင်ထဲသို့တိမ်းရှောင်နေကြပြီး စစ်ကောင်စီက လက်နက်ကြီး နှင့် လေယာဥ်များ ရမ်းသမ်းပစ်ခတ်မည်ကိုစိုးရိမ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်တွင်လည်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ ရွာအဝင်တံတားထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ်အရှေ့ဘက် မိုင်းပွန်မြို့အနီးတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်နှင့် PNLAတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

#PPV007
#ဟိုပုံး
#စငေါ
#လေယာဉ်ဖြင့်ဗုံးကြဲ
#ယုပ္ပေး
#Humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *