ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄

ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင်လှုပ်ရှားသည့် ပအိုဝ်ႏခမ်းထီစဲ့ꩻPAF ၏အခြေခံ စစ်သင်တန်းအတွက် တပ်သားသစ်ခေါ်ယူနေကြောင်းသိရသည်။

တပ်သားသစ်ခေါ်ယူရခြင်းရည်ရွယ်ချက်သည် ပအိုဝ်းခမ်းထီ(ပြည်နယ်)ထူထောင်ရေး၊ ပအိုဝ်း ကံကြမ္မာကို ပအိုဝ်းကိုယ်တိုင်ဖန်တီးနိုင်သော အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အကြမ်ဖက် ဖက်ဆစ်စစ်အာဏာရှင်မင်းအောင်လှိုင်အုပ်စု အပြီးသတ်ချေမှုန်းရေး၊ လူမျိုးရေးအရ အဖိနှိပ်ခံဘဝမှထာဝရအမျိုးသားလွတ်မြောက်ရေး ဟုပြောဆိုထားသည်။

ပအိုဝ်ႏခမ်းထီစဲ့ꩻPAFသည် မဟာမိတ်များနှင့် နှစ်ရှည်လများ လက်တွဲတိုက်ပွဲဝင်လာသော ပအိုဝ်းတပ်တော် ဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

အခြေခံစစ်သင်တန်းများကို အပတ်စဉ်နှစ်ခုအပြင် ရက်တို အောင်စစ်သည်အရာရှိသင်တန်းကိုလည်း အပတ်စဉ်တစ်ခု အောင်မြင်စွာ ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်းသိရသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *