ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် ပြည်သူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်နေ့၌ လေယာဥ် ဖြင့် ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်၍ နေအိမ်မီးလောင်ပျက်စီးခဲ့သည်။

လွယ်ဝိုးတုတ်ကျေးရွာနှင့် ၁ မိုင် အကွာအဝေးတွင်ရှိသည့် စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာကို စစ်ကောင်စီက အငြိုးအတေးဖြင့် ဗုံးကြဲဖျက်ဆီးခြင်းဖြစ်သည်ဟု PNLA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဥ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မိုင်းပွန်အနောက်ဘက်ခြမ်းကျေးရွာတွင် နေအိမ်ပျက်စီးမှုရှိသလို ပြည်သူများလည်း စစ်ဘေးရှောင်နေရကြောင်းသိရသည်။

PPV-002

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *