ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့ ပူးတွဲတပ်စွဲထားသော တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA က ယနေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် တိုက်ပွဲ ဖြစ်ပွားပြီး လွယ်ဝိုးတုတ်ကျေးရွာအနီးစစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးတွဲတပ်စွဲရာ တပ်စခန်းကို ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA ကသိမ်းပိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“အဲဒီ ရှင်းလင်းမှုပြုလုပ်တဲ့အချိန်မှာစစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ စခန်းတစ်ခုကိုသိမ်းပိုက်ရရှိတယ်ပေါ့နော် အဲတာလွယ်ဝိုးတုတ်ကျေးရွာအနီး လွယ်ဝိုးတုတ်ကျေးရွာထဲတော့မဟုတ်ဘူး တိုက်ပွဲဖြစ်ပွားတဲ့အချိန် စစ်ကောင်စီနဲ့ပြည်သူ့စစ်ကအကုန်လုံး ထွက်ပြေးသွားတာပေါ့နော်”ဟု ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLA ဖက် ပြောရေးဆိုခွင်းရှိသူတစ်ဦးက ခမ်းသာငေါဝ်းကို ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်းတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ RPG ၁ လက်၊ ပစ္စတို ၁ လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ထိုအပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လေကြောင်းဖြင့် သုံးကြိမ်လာကြဲခဲ့ပြီး၊ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ကျေးရွာများထဲလည်း စစ်ကောင်စီက လက်နက်ကြီး အကြိမ် ၁၀၀ မကပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်။

ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုးများ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်ကြောင်း PNLA က ထုတ်ပြန်ချက်တွင်ပြောထားသည်။

လက်ရှိအချိန်သည် အာဏာရှင်စနစ်ကို ပြည်သူလူ ထုတစ်ရပ်လုံးက တိုက်ဖျတ်နေသည့်အချိန်ဖြစ်ပြီး ပြည်သူ့စစ်အနေဖြင့်လည်း စစ်အာဏာရှင်ကို ကာကွယ်ပေးနေသည့် လုပ်ရပ်ကို သေချာစဉ်စားပြီး စစ်အာဏာရှင်စနစ်လက်အောက် မှ ရုန်းထွက်ပြီး အမျိုးသားလွှတ်မြှောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ကူးပြောင်းရန်လည်း PNLA က တိုက်တွန်းထားကြောင်း သိရသည်။

#PPV005

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *