ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

မိုင်းပွန်မြို့နယ် ပွန်ချောင်းအပေါ်ဘက် ၁၂ မိုင်ခန့်အကွာတွင် ခြံမှပြန်လာသည့်ပြည်သူနှစ်ဦးထံ PNO ပြည်သူစစ်အဖွဲ့ဝင်ကဒ်တွေ့ရှိသည်ဟုဆိုကာ SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပွန်မြို့နယ် လေမော်ရွာအရှေ့ဘက် ပွန်ချောင်းအပေါ်ဘက် ၁၂ မိုင်ခန့်အကွာသို့ ခြံသွားလုပ်သည့် ခွန်မောင်ငယ်နှင့် အဖော်ဖြစ်သူတစ်ဉီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်း ခြံမှအပြန်သစ်ပင်အောက်တွင် ဖုန်းသုံးရန်ဖုန်းဖွင့်စဉ် ပုန်းခိုနေသည့် SSPP/SSA တပ်ဖွဲ့ဝင်များက ထွက်လာပြီး သင်္ကာမကင်းစစ်ဆေးခဲ့ရာ PNO တပ်ဖွဲ့ဝင်ကဒ်တွေ့ရှိသဖြင့် ပစ်သတ်ခဲ့ကြောင်းသိရသည်။

“ရွာတွေမှာကသိတဲ့အတိုင်း ကဒ်လုပ်ထားဆိုတော့လုပ်တာပေါ့ တကယ်တော့ သူကစစ်သားမလုပ်ဘူး ခြံပဲလုပ်တာ နဂိုကတည်းငါတို့ပအိုဝ်းကသူများမုန်းတော့ ခေတ်မကောင်းတော့ ရောပြီးခံရတာလည်းပါမယ်ထင်တယ်” ဟု နီးစပ်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ပစ်သတ်ခ့ရသူ နှစ်ဦးစလုံးသည် အသက် ၅၀ ဝန်းကျင်ခန့်ရှိပြီး တစ်ဦးသည် တောင်ကြီးမြို့နယ် ရေပူရွာဇာတိဖြစ်ကြောင်းသိရသည်။

လက်နက်ကိုင်ဆောင်ခြင်းမရှိပဲ ယခုလိုပစ်သတ်ခြင်းနှင့်ပတ်သက်ပြီး မဖြစ်သင့်ကြောင်း ရင်းနှီးသူကဆက်ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ခမ်းသားငေါဝ်းအနေနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တာဝန်ရှိသူ ဗိုလ်မူးကြီးစိုင်းဆု၊ ဗိုလ်မူးကြီးဟန်ခမ်း၊ ဗိုလ်မူးစိုင်းဖုန်းဟန်ကို ကြိုးစားဆက်သွယ်မေးမြန်းရန် ဖုန်းဆက်ခဲ့သော်လည်း ဆက်သွယ်လို့မရခဲ့ပါ။

လက်ရှိတွင် မိုင်းပွန် မြို့အနီးတွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်အဖွဲ့နှင့် PNLA မဟာမိတ်အဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။

တိုက်ပွဲ ကြောင့်လမ်းများ ပိတ်ထားသည့်အတွက် ခရီးသွားပြည်သူများ ကားတန်ရှည်များ ပိတ်မိနေပြီး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ကြောက်နေကြသည့် ခြံသမားများ နေရပ်သို့ပြန်လာလိုသော်လည်း ပြန်၍မရဘဲပိတ်မိနေကြောင်း သိရသည်။

ဟိုပုံး နှင့်မိုင်ပွန်မြို့အကြားတွင် ဖေဖော်ဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။

#PPV001

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *