ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ဆီဆိုင်မြို့နယ် တောတွင်း တစ်နေရာတွင် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး ကလေးမီးဖွားခဲ့ပြီး အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောတွင်းတစ်နေရာရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကလေးမီးဖွားခဲ့ပြီး ကလေးအနှီး၊ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

“ဆေးဝါးလည်းမရှိပါဘူး အဟာရရှိတဲ့ အစားအစာလည်း မရှိပါဘူး တောထဲဟင်းသီး ဟင်းရွက်ဘဲရှာစား ဖြစ်သလိုစားရတယ် စောင်၊ အခင်း၊ ကလေးအနှီး၊ ဆေးဝါး၊ အဟာရစားစရာတွေ အရေးပေါ်လိုနေတယ်”ဟု နီးစပ်သူတစ်ဦးက ခမ်းသား ငေါဝ်းကိုပြောသည်။

ထိုသူတို့ ရှိသော တောထဲတွင်အင်တာနက်လိုင်း၊ဖုန်းလိုင်းလည်း မရရှိသလို စစ်ဘေးရှောင်များအနေနှင့် အအေးဒဏ်လည်း ခံစားနေရကြောင်း သိရသည်။

“ကလေးမွေးဖို့ အဘက်ဘက် ပြင်ဆင်ထားပေမယ့် တိုက်ပွဲစဖြစ်ကတည်းက တောထဲ ထွက်ပြေးရတော့ ဘာမှ မယူခဲ့ရဘူး” ဟု၄င်းကဆက်ပြောသည်။

ဆီဆိုင်မြို့ထဲတွင် ယခုထိ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် PNLAနှင့်ပူးပေါင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းသာကမလက်နက် ကြီး၊ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများရှိနေကြောင်း သိရသည်။

#PPV005

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *