ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ဟိုပုံမြို့နယ် အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးကျေးရွာများတွင် ကျေးရွာတွင်းစစ်ကောင်စီ တပ်စွဲနေရာယူထားပြီး စစ်ရှောင်နေသည့် ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက် ကြီး နှင့်လေယာဥ်ဗုံးကြဲပစ်ခတ်ခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသူရှိသလို စစ်ကောင်စီ တပ်လာစွဲ၍ထွက်ပြေးတိမ်းရှောင်ရသူလည်းရှိသည်။

“မနေ့ နေ့လယ်ကသူတို့(စစ်ကောင်စီ)ရွာထဲ ရုတ်တ ရက်ဝင်လာလို့ ကျွန်တော်တို့အကုန်ထွက်ပြေးကြတာ၊ ခုရွာထဲတောင်မဝင်ရဲတော့ဘူး စစ်ကောင်စီတပ်သားတွေအပြည့်ပဲ၊ ရွာအဝင်အထွက်လည်းသူတို့ပိတ်ထားပြီ”ဟု ကျေးရွာတစ်ရွာ၏ ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်ကကျေးရွာတွင်း ရုတ်တရက်ဝင်ရောက်တပ်စွဲ​ခြင်းကြောင့် ဒေသခံများကကြောက်လန့် ထွက်ပြေးကြသည့်အတွက် စားနပ်ရိက္ခာအချို့နှင့် ပစ္စည်းအချို့သာယူပြီးတောတောင်ထဲတိမ်းရှောင်ရသည်။

“စိုးရိမ်တာကသူတို့အိမ်ကိုဖောက်ပြီး ဆန်တွေအကုန်ယူသွားမှာကိုပဲစိတ်ပူတာ၊ ဆန်တွေကဈေးကြီးတယ်လေ မနည်းစုဆောင်းပြီးဝယ်ထားရတာ တစ်အိတ်(၁)သိန်းကျော်တောင်”ဟု သူကဆက်ပြောသည်။

ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာအနီးတွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တပ်စခန်းအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်သိမ်းပိုက်ရရှိထားကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။

#PPV007

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *