ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄
စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် အရပ်သားပြည်သူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာကို ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
“အဲဖက်မှာ PNLAတပ်လည်းမရှိဘူး တပ်စွဲထားတာလည်းမရှိဘူး မနေ့တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းသိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့တစ်မိုင်ဝေးတယ်ပေါ့နော် လွယ်ဝိုးတုတ်ကဘာမှ မဆိုင်ဘူး စစ်ကောင်စီက တမင်သက်သက်ဖျက်လိုဖျက်ဆီးလုပ်နေတာ”ဟု PNLA ဖက်ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်းကို ပြောသည်။
ယမန်နေ့က လွယ်ဝိုးတုတ်ရွာနှင့် ၁ မိုင်အကွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းကို ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ် PNLA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းဖြင့် ကျေးရွာကို လာရောက်တိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီက ထိုသို့လုပ်ရပ်သည် ၄င်း၏အာဏာသက်ဆိုးရှည်ရေးအတွက် ပအိုဝ်းဒေသ၊ပအိုဝ်းကျေးရွာကို တမင်သက်သက် ဖျက်ဆီးနေသည့် ယုတ်မာရက်စက်သည့် လုပ်ရပ်သာဖြစ်ကြောင်းခွန်းရုဲင်းယံကဆက်ပြောသည်။
လွယ်ဝိုးတုတ်ကျေးရွာသည် ဟိုပုံး-မိုင်းပွန်လမ်းပေါ်တွင်ရှိပြီး ယခုတွင် နေအိမ်မီးလောင်နေဆဲဖြစ်ပြီး အသေစိတ်အချက်အလက်ကို ခမ်းသားငေါဝ်းအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။
#PPV005
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။