ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် နန်းတုတ်ကျေးရွာတွင် လူနေအိမ်ထိခိုက်မှုရှိနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်လာခဲ့ခြင်းကြောင့် ဒေသခံများကြောက်လန့်နေ​ကြသည်။

“၆ ကြိမ်ပစ်လာတယ် တစ်ကြိမ်ပေါက်ကွဲစတော့ ရွာသား နေအိမ်ကိုထိပြီး အနည်းငယ်ပျက်စီးသွားတယ် လူထိခိုက်တာတော့မရှိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

နန်းတုတ်ကျေးရွာတွင် ဒေသခံရွာသားများအပြင် စစ်ရှောင် ၃၀၀ ကျော်လည်း လာရောက်ခိုလှုံနေပြီး ကျေးရွာဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံတိမ်းရှောင်ရန် အခက်ခဲများရှိနေကြောင်းသိရသည်။

“စစ်ရှောင်တွေက အခက်ခဲအရမ်းများတယ် သူတို့ကဖယ်ခုံကနေ လှမ်းထုတာ အခုကရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူ ရှိတဲ့နေရာ လိုက်ထုနေတာ”ဟု၄င်းက ဆက်ပြောသည်။

နန်းတုတ်ကျေးရွာအပြင် အနီးနားရှိပင်စုံကျေးရွာဘက်လည်း စစ်ကောင်စီလက်နက်ကြီးကျရောက်မှုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း နန်းတုတ်ကျေးရွာတောင်ဖက် ရွှေစမ်းကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီူပသ်ခတ်ပြီး ကလေးတစ်ဦးအပါအဝင် အမျိုးသမီး၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#PPV005

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *