ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄

ပဲခူးတိုင်းဒေသကြီး ထန်းတစ်ပင်မြို့နယ် ဇရပ်ကြီးမြို့တွင် ယနေ့ ၂ နာရီခန့်က ဇရပ်ကြီး ဈေးနှင့် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဈေးနှင့် လူနေအိမ်များ မီးလောင်ခြင်းဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံကဆိုသည်။

“ဈေးကိုမီးလောင်ပြီး အိမ်ကိုကူးသွားတာပဲသိရတယ် တခြားဘာကြောင့်ဖြစ်တာတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။

ပအိုဝ်းလူမျိုးအများစုနေထိုင်သည့် ဇရပ်ကြီးဒေသတွင် ဖေဖော်ဝါရီ ၈ ရက်က စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကျဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့သလို စစ်ဘေးတိမ်းရှောင်နေခဲ့ရသူများလည်းရှိကြောင်း သိရသည်။

#PPV 008

Leave a Reply

Your email address will not be published. Required fields are marked *