ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီကမိုင်းပွန်မြို့နယ် နမ့်ဘော်ခမ်းရွာ၊ ခီနန်းရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် လေယာဉ်ဖြင့်ဗုံးလာကျဲခြင်း၊ လက်နက်ကြီးဖြင့်အဆင်မပြတ် ပစ်ခတ်တိုက်ခိုက်ခြင်းများရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်မြို့နယ်မြို့နယ် နားယမ်းကျေးရွာအုပ်စုထဲ့ရှိ ကျေးရွာများတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပုံးအယ်ရွာထဲနှင့်မိုင်းပွန်မြို့တို့မှ လက်နက်ကြီးတပ်အထိုင်ချပြီး ပစ်ခတ်တိုက်ခိုက်လာသည်မှာ ၄ ရက်ရှိပြီဖြစ်ကြောင်းသိရသည်။

“အခြေအနေ မကောင်းဘူး မနက်စောစောစီးစီး လှမ်းထုနေပြီ မနေ့ညလည်း လေယာဉ်နဲ့လာကျဲတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီကလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာရှိဒသေခံပြည်သူများ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရပြီး နမ့်ဘော်ခမ်းရွာ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ယခုတွင် ဟိုပုံးမြို့ထမ်းစမ်းအရှေ့ဖက်နှင့် မိုင်းပွန်မြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဖက် အကျဆုံးများပြီး အထိနာသဖြင့် ကျေးရွာဖက်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မိုင်းပွန်မြို့အဝင်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ ကုန်ကား၊ခရီးသည်တင်ကား များစွာ ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။

မိုင်းပွန်မြို့ခံတစ်ချို့လည်း တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ကြသဖြင့်ဘေကင်းရာထင်သည့်နေရာတွင် ကြိုတင်တိမ်းရှောင်သူလည်း ရှိကြောင်းသိရသည်။

#PPV005

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *