ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ဟိုပုံးမြို့နယ်အရှေ့ဘက် မိုင်းပွန်အနီးတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ၄ ဦး သေဆုံးပြီးလက်နက်ခဲယမ်းသိမ်းဆည်းရမိ ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဖေဖော်ဝါရီ (၂၂)ရက်နေ့ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်မိုင်းပွန်မြို့အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်ကပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)စစ် ကြောင်းအား စစ်ကောင်စီနှင့် လက်အောက် ခံပြည်သူ့စစ်အဖွဲ့တို့ လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြထားသည်။

“အဲ့ဒီတိုက်ပွဲဖြစ်ပွားမှုမှာတော့ စစ်ကောင်စီနဲ့ PNOပြည်သူ့စစ်အလောင်း (၄)လောင်းကျန်ရှိခဲ့ပါတယ်၊ ပြီးတော့လက်နက်ငယ်(၄)လက်၊ (၆၀)မမလက်နက်ကြီးတစ်လက်၊ ကားတစ်စီးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာရှိပါတယ်” ဟု PNLAပြောရေးဆို ခွင့်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့၌ ထမ်းဆန်းဂူဒေသကိုလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့် ခရီးသွားပြည်သူများအား ပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။

“စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ပအိုဝ်းတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေကို ပစ်ခတ်ဖျက်ဆီးတာတွေပိုလုပ်လာတယ်၊ အဲ့ဒီနေရာတွေမှာတပ်စွဲထားတယ်၊ ဒါတွေက ဘာသာရေးလွတ်လပ်ခွင့် ကိုထိပါးစော်ကားနေတဲ့ လုပ်ရပ်လည်းဖြစ်တယ်” ဟု၎င်းကဆက်ပြောသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေသည့် ကာလဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေသည့်လုပ်ရပ်မှ ရုန်းထွက်ပြီးအမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAက ထပ်မံတိုက်တွန်းထားသည်။

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း နီးစပ်ရာပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ‌တော် (PNLA)တပ်ဖွဲ့ထံသို့ ဆက်သွယ်ကာလက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်း ပေါ်သို့ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

#PPV007

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *