ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

လွိုင်လင်မြို့နယ်၊နားယမ်အုပ်စု နမ့်ဘော်ခမ်းရွာတွင်စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာပြီး ရွာထဲ ကျသဖြင့် အရပ်သားနေအိမ်သုံးလုံး ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန် လမ်းပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLAတို့ တိုက်ပွဲ ပွားပြီးနောက် တိုက်ပွဲမဖြစ်ပွားသည့်ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လာခဲ့ပါသည်။

“အခုထိတော့ အိမ် ၃ လုံး ထိတယ်။ ဒီမနက် လက်နက် ကြီး ပစ်ခတ်မှုကတော့ အတော်ပြင်းထန်တယ်။မိုင်းပွန်ကနေ လှမ်းပစ်၊ ဟိုပုံးနယ်ဘက်ကနေလည်း လှမ်းပစ်တာ အကြိမ်ပေါင်း က ၃၀ ထက်မနည်းတော့ဘူး။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ထိုနမ်းဘော်ခမ်းရွာတွင်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်လာသည်မှာ ဖေဖော်ဝါရီ၂၀ရက်ကတည်းကဖြစ်ပြီး ၃ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

“ဒီမနက်အထိတော့ ရွာထဲမှာ ဒေသခံတွေ ရှိနေသေးတယ်။ဒီနေ့က လက်နက်ကြီးနဲ့ ပြင်းပြင်းထန်ထန် ပစ်တော့ ထိခိုက်မှုကတော့ အတော်များမယ်”ဟု၄င်းက ဆက်ပြောသည်။

နမ့်ဘော်ခမ်းရွာအများစုသည်ဘေးကင်းရာထင်သည့် မိုင်းပွန်မြို့ထဲတွင် စစ်ရှောင်ကြပြီး မိုင်းပွန် မြို့လည်းယခု အခြေနေတည်ငြိမ်ခြင်းမရှိသေး ကြောင်း သိရသည်။

ထိုအပြင်နမ်းဘော်ခမ်းရွာအနီ ကောင်းမူဗွာရွာ၊ ခီနန်းရွာ၊ ကျူးစန်းလောင်းရွာတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘေးကင်းရာနှင့် တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

#PPV005

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *