ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီနှင့်ကချင်တပ်မတော် (KIO/KIA)တို့အကြား ဖြစ်ပွားခဲ့သည့် (၁၂၃) တပ်စခန်း သိမ်းတိုက်ပွဲအတွင်း ဒေသခံနှစ်ဦးကို လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရရှိကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးလာကြဲသဖြင့် အောင်သပြေရပ်ကွက် နေဦးအိုက်လွန်ဗုံးစထိပြီး ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း ဆေးရုံ၊ ဆေးခန်း ပြခွင့်မရသောကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း တအာင်းအမျိုးသမီး ထုတ်ပြန်ချက် အရသိရသည်။

“ ဒဏ်ရာကတော့ ရင်ဘက်မှာရတယ်၊ နှလုံးနဲ့နီးတယ်၊ ထိတဲ့နေရာမှာ အပေါက်ဖြစ်သွားတယ်၊ ပြစရာဆေးခန်းရှိရင် အသက်ရှင်အုံးမယ်၊ တိုက်ပွဲဖြစ်နေလို့ ဘယ်မှ သွားလို့မရလို့ အခုလို သေဆုံးသွားတယ်”ဟု အိုက်လွန်၏ ဇနီးက တအာင်းအမျိုးသမီး ကိုပြောထားသည်။

ထိုအပြင် အေဲမ်းခုမ်ရွာတွင် နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ ယာအီမန်သည်လည်း ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိကာ ဆေးခန်းတွင် ၁၀ ရက်ကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ကောင်စီနှင့် ကချင်တပ်မတော်တို့ တိုက်ပွဲကြားဒေသခံများ ထိခိုက်သေးဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရရှိသည့် ဒေသခံများသည် လည်း ဆေးကုသခွင့်များမရနေကြောင်းလည်းဖော်ပြထားပါသည်

#ppv008

Leave a Reply

Your email address will not be published. Required fields are marked *

You missed