ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊၂၀၂၄
ဦးခေါင်းဒဏ်ရာရထားသည့်ကလေးအပါဝင် အရပ် သား၂ ဦးနှင့် ပြည်သူအချို့ ဆီဆိုင်မြို့သီရိရပ်ကွက် တွင် ပိတ်မိနေသေးကြောင်းဒေသခံတစ်ဦးထံမှသိရသည်။
ထိုဒဏ်ရာရထားသူသည်စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲမှု နှင့် ကြုံပြီး ဒဏ်ရာရကြသူဖြစ်ကြောင်း ယနေ့အထိသွားကယ်ထုတ်ရန် အခက်ခဲရှိနေသေး ကြောင်းသိရသည်။
“ကလေးက ခေါင်းထိထားတယ်။ နောက်အမျိုးသားတစ်ဦးပေါင်ထိဒဏ်ရာနဲ့၊ နောက်တစ်ယောက်လေဖြတ်ထားတဲ့လူနာရယ်ပါ။ အခြားလူ ၂၀ လောက်ပေါ့ သီရိရပ်ကွက်က။ အခုလောလော ဆယ်က ခေါ်ထုတ်မရသေးဘူး။ ကားဝင်ဖို့ခက်နေတယ်။”ဟုကူညီပေးနိုင်ရန် ဆောင်ရွက်ပေးသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပိတ်မိနေသေးသည့် ဒဏ်ရာရထားသူထဲမှ အခြား ၃ ဦးကို အရင်နေ့ရက်၌ ခေါ်ထုတ်နိုင်ခဲ့ပြီး လက်ရှိ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိပြီး ယနေ့ခွဲစိတ်ခန်းဝင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်၌ အလံဖြူထောင်ပြီး ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သော ဒေသခံ၏ ကားတန်းကို ဒရုန်းဖြင့် ဗုံးကြဲခံရပြီး အရပ်သား ၇ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ဆီဆိုင်မြို့ကို PNLAနှင့်မဟာမိတ်တို့ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ရုန်း၊ တိုက်လေယာဥ်တို့ဖြင့် နေ့စဥ်လိုလို ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်းများထိခိုက်ပျက်စီးမီးလောင်ကျွမ်းခဲ့ရသည်။
#PPV004
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။