ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

မိုင်းပွန်မြို့အဝင်ဂိတ်ကို စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ပြီး ခရီးသည်ကား၊ကုန်တင်ကား ရာနှင့်ချီ ပိတ်မိနေကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန်လမ်းပေါ်တွင် ဖေဖော်ဝါရီ၂၁ ရက်နေ့က PNLA နှင့် စစ်ကောင်စီ ၊ လက်အောက်ခံပြည်သူ့စစ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက မိုင်းပွန်မြို့အဝင်ဂိတ်တံတားကို ပိတ်လိုက်ကြောင်း သိရသည်။

“ဒီမနက်ထိ လမ်းက ပြန်မဖွင့်သေးဘူး။မနေ့က ခနပြန်ဖွင့်သေးတယ်။ကားကအရမ်းများတော့ ရုတ်ရုတ်သဲသဲဖြစ်ပြီး ခနဘဲပြန်ပိတ်သွားတယ်။ဒီမနက်လည်း လက်နက်ကြီးပစ်တာ။ဒရုန်းပြန်ဝဲတာရှိနေတယ်။”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ယခုမိုင်းပွန်မြို့တွင် စစ်ကောင်စီဖက်လည်းအင်အားဖြည့်တင်နေပြီး တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်။

စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ရှိသလို သွားလာနေသည့်ဒေသခံကိုလည်းပစ်ခတ်မှုရှိပြီး ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်။

#PPV005