ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊၂၀၂၄

အောင်ပန်းမြို့အတွင်း လက်ဖက်ရည်ဆိုင်မီးလောင်မှုဖြစ်ပွားရာမှ ဘေးရှိ နှစ်ထပ်အိမ်နှင့် လေးထပ်အိမ်ကိုမီးကူးလောင်ကျွမ်းခဲ့ကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၅မိနစ်အချိန်၌ အောင်ပန်းမြို့ အမှတ်(၁)ရပ်ကွက် ယူနန်ဘေး လက်ဖက်ရည်ဆိုင်ကို မီးလောင်ပြီး ဘေးအိမ် ၂ ထပ်အိမ် ၄ ထပ်တိုက်အိမ်ကိုမီးကူးလောင်ကျွမ်းခဲ့သည်။

“အဲ့လက်ဖက်ရည်ဆိုင်ကနေမီးအရင်စလောင်တာဗျာ့။ အဲ့ဒီလက်ဖက်ရည်ဆိုင်လည်း လူကမအိပ်ဘူးပေါ့နော်။ သူတို့ည ၇ နာရီလောက်မှာပိတ်ပြီးအိမ်ပြန်ကြတာပေါ့နော်။ မအိပ်တော့ မီးလောင်တာနဲ့ ဘေးကနှစ်ထပ်အိမ်နဲ့ လေးထပ်တိုက်ကိုပါလောင်သွားတယ်ဗျာ့။”ဟု အောင်ပန်းနာမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မီးလောင်ရာတွင် လူထိအိမ်ခိုက်မှုမရှိသော်လည်း နှစ်ထပ်အိမ်တစ်ခုလုံးက မီးအကုန်လောင်ကျွမ်းပြီး လေးထပ်တိုက်အိမ်၌ အရှေ့မျက်နှာစာကိုအကုန်လောင်ကျွမ်းခဲ့ကြောင်းသိရ သည်။

ယင်းမီးလောင်မှုကို အောင်ပန်း၊ကလော၊ဟဲဟိုး မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ တာဝန်ရှိသူများ၊တာဝန်သိသူများနှင့် မြို့ထဲရှိပရဟိတအသင်းများမှ ဝိုင်းဝန်းမီးငြိမ်းခဲ့ရာ ၁၂နာရီ မိနစ်၃၀အချိန်မှာ အပြီးသတ်ငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။

အောင်ပန်းမြို့တွင် ၂၀၂၄ ခုနှစ်၌ ပထမဆုံးအကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နွေရာသီရောက်တော့မည်ဖြစ်သလို လျှပ်စစ်မီးများလည်း ပုံမှန်မလာသည့်အတွက် မြို့ခံပြည်သူများ မီးဘေးကိုအထူးသတိပြုရန်လိုအပ်ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းက တိုက်တွန်းပြောဆိုခဲ့သည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *