ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းဆန်းဂူအရှေ့ဖက်နှင့် မိုင်းပွန်မြို့အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီ၊လက်အောက်ခံပြည်သူ့စစ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်PNLAတို့အကြားဖြစ်ပွားနေကြောင်းသိရသည်။

“ကားလမ်းတစ်လျှောက် တိုက်ပွဲဖြစ်နေတယ်။စစ်ကောင်စီနဲ့ PNA ၊PNAကများတယ်”ဟု သတင်းရင်းမြစ်ကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းတိုက်ပွဲကြောင်း မိုင်းပွန်မြို့အဝင်တံတားကို စစ်ကောင်စီက ပိတ်ထားပြီး ကား၊ဆိုင်ကယ်၊ခရီးသွားများစွာ ပိတ်မိနေကြောင်း သိရသည်။

လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စု နမ်းဘော်ခမ်းကျေးရွာသို့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး၂လုံး ဗုံးကြဲပြီးတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများ နီးစပ်ရာဒေသနှင့် တောတောင်ထဲကို ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရကြောင်းသိရသည်။

ယခုတွင်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အသေးစိတ်ကို ခမ်းသာငေါဝ်း က ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *