ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

ညောင်ရွှေမြို့တွင် ပြည်သူ့စစ်မှုထမ်းရန်အတွက် လူစာရင်း စတင်ကောက်ခံလျက်ရှိကြောင်း မြို့ခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်တွင်ပြည်သူ့ စစ်မှုထမ်းရန်အတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး လူစာရင်းများ ကောက်ခံနေကြောင်းသိရသည်။

“အိမ်ထောင်စုဇယား အရင်လာကောက်တယ်။ ခုတစ်ခေါက် ပြန်လာကောက်ပြီး ဘယ်သူဝင်ရမယ် ဘယ်သူမဝင်ရဆိုတာ ကောက်တယ်။ တစ်အိမ်တစ်ယောက်ကောက်တယ် အသက် ၁၈ ကနေ ၄၅ အထိ ရှိတဲ့အမျိုးသားအချက်အလက်ဆို အကုန်ပေးရတယ်”ဟု မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယင်းကောက်ခံမှုသည်လဝကရုံးမှ ဝန်ထမ်းများ၊ရက်ကွက်လူကြီးနှင့် ဆယ်အိမ်မှူးတို့က ဦးဆောင်ကောက်ခံနေကြောင်းသိရသည်။

“သူတို့လာကောက်တော့ ဒေသခံအများစုကြောက်ကြတယ်။ကိုယ့်သဘောမပါဘဲ ကောက်တယ်၊ စစ်မှုထမ်းဖို့ ကိုယ်ရေးအချက်အလက်ယူသွားတယ်ဆိုတော့ စိုးရိမ်နေကြရတယ်”ဟု ၄င်းကဆက်ပြောသည်။

ညောင်ရွှေမြို့သည် ရပ်ကွက်စုစုပေါင်း ၈ ရပ်ကွက်ရှိပြီး စည်ရပ်ရပ်ကွက် ၊နန္ဒဝန်ရပ်ကွက် တို့ စတင်ကောက်ခံ ပြီးနေပြီဖြစ်ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အတည်ပြုပြဌာန်းပြီး ပြည်သူလူထုများ စိုးရိမ်နေကြရကြောင်းသိရသည်။

#PPV005

You missed