ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှု၂ ဗိုလ်မှုး စိုင်းခမ်းစံက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခ ကာလတွင် ရှမ်းပြည်အတွင်းနေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး ရှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

“ရှမ်းပြည်မှာရှိတဲ့သူတွေအားလုံး စစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့ ပြဌာန်းထားတာ စစ်မှုထမ်းဆောင်တာကတော့ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် အတင်းအဓ္ဓ တာဝန်ထမ်းဆောင်ခိုင်းတာမျိုးတော့မရှိဘူး” ဟု RCSSအတွင်းရေးမှု ၂ ဗိုလ်မှုစိုင်းခမ်းစံက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်မှုမထမ်းဘဲအရပ်သားအနေနှင့် ကျွမ်းကျင်ရာဘာသာရပ်များဖြစ်သည့် စာသင်ပေးသည့် ကျောင်းဆရာ၊ ဆရာမတို့၊ ကျန်းမာရေးဆိုင်ရာငှာနတို့မှာလည်း ကူညီလို့ရကြောင်းနှင့် စစ်မှု မထမ်းသောသူများကိုအိမ်ယာသိမ်းယူမည့် သတင်းသည်လည်း မဟုတ်မှန်ကြောင်း၄င်းက ဆိုသည်။

“ထုတ်ပြန်ချက်မှာ စစ်မှုထမ်းတာကသတ်သတ် မြေယာနဲ့ပတ်သက်တာက သတ်သတ် တချို့မီဒီယာကရောပြီးရေးတာတွေရှိတယ်” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှု၂ ဗိုလ်မှုး စိုင်းခမ်းစံကပြောသည်။

အိမ်ယာကိုစွန့်ပစ်ပြီး တစ်ခြားနေရာအလုပ်လုပ်တဲ့သူတွေကို စစ်မှုမထမ်းလို့အိမ်ယာသိမ်းတာ မဆိုင်တဲ့အကြောင်း မြေယာကိစ္စသည် အရင်ကတည်းက ကိုးဗစ်ဖြစ်ပြီးနောက် အာဏာသိမ်းပြီး တိုက်ပွဲများလာသည့်အတွက် နေအိမ်စွန့်ပစ်ပြီးနိုင်ငံခြားသို့သွားသူ များလာသည့်အခါ သူတို့သားသမီးများသည် မှတ်ပုံတင်လည်းမရှိ ပြန်လာမည်ဆိုလည်း အိမ်ကမရှိ နောက်စိုက်ပျိုးဖို့လည်းမရှိနိုင်ငံမဲ့သလိုဖြစ်သွားတဲ့အတွက် ရှေ့အနာဂတ်ကို စဉ်စားပြီး ကန့်သတ်ရတာဖြစ်တဲ့အကြောင်းနှင့် အိုးအိမ်ပစ်ပြီး နိုင်ငံခြားသို့မသွားစေလိုတဲ့အကြောင်း ၄င်းက ဆက်ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *