ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ရှိ မဲနယ်တောင်ဒေသသို့ စစ်ကောင်စီက ကျူးမုန့်ရွာနှင့်ဟွေးတဲက်ရွာ ဘုန်းကြီးကျောင်းမှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ရွာအတွင်း တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါသည်။

ဟိုပုံးမြို့၊ကျူံးမုန့်ကျေးရွာနှင့် ဟွေးတက်ကျေးရွာကြားရှိသည့် ကုန်းကျောင်း ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက နေရာယူထားပြီး မဲနယ်တောင်ဘက်ကို ယနေ့မနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“စစ်ဖြစ်မှာကြောက်တော့ လူတွေလဲ အခုထွက်ပြေးနေရတယ် ရွာမှာ အမျိုးသမီးနဲ ကလေး၊ သက်ကြီးရွယ်အိုတွေတော့ မနက်က ပြောင်းရွေ့ပြီးပြီ ခုရွာထဲမှာ အမျိုးသားအနည်းငယ်ပဲ ကျန်နေတယ်”ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးက ခမ်းသားငါဝ်းကိုပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သူရှိမရှိကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ဒေသခံကဆိုသည်။

ပအိုဝ်းဒေသဖြစ်သည့် ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်သည့်အတွက် ပြည်သူများ သေဆုံးမှုရှိသလို အိုးအိမ်၊ သာသနာအဆောက်အဦးများပျက်စီးမှုများရှိနေပြီး ထွက်ပြေးတိမ်ရှောင်သူများစွာ ရှိိနေကြောင်းသိရသည်။

#PPV 008

Leave a Reply

Your email address will not be published. Required fields are marked *

You missed